CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Saturday, September 27, 2008

အဓိပ္မါယ်မဲ့လုပ်ရပ်များ

အခုစွမ်းအားမြင့်ဆိုတဲ့ အဖွဲ့ရဲ့လုပ်ရပ်တွေက လုံးဝကိုအဓိပ္မါယ်မရှိတဲ့ အကြမ်းဖက်လုပ်ရပ်တွေသက်သက်လို့ကျနော်ပြောချင်ပါတယ်။ သူတို့ရဲ့ အကြမ်းဖက်မှု့(သူတို့အခေါ်စစ်ဆင်ရေး)တွေကို သေချာပြန်သုံးသပ်ကြည့်မယ်ဆိုရင်

အကြမ်းဖက်မှု့နံပါတ်(၁)-တေဇကုပ္မဏီရှေ့ကားဗုံးဖောက်ခွဲမှု့

သူတို့တေဇကိုမကျေနပ်ဘူးဆိုရင် တေဇကိုယ်တိုင်ကိုယ်သေအောင်သတ်မှဖြစ်ပါလိမ့်မယ်။ တေဇအိမ်ရှေ့ကိုဗုံးသွားခွဲပေါ့။ အခုလိုမျိုးတေဇကုပ္မဏီရှေ့မှာ ဗုံးသွားခွဲတယ်ဆိုတာ သူ့ဆီမှာအလုပ်လုပ်နေတဲ့ ဆင်းရဲသားပြည်သူတွေကို မထိခိုက်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။

အကြမ်းဖက်မှု့နံပါတ်(၂)- တာမွေရဲစခန်းကိုတိုက်ခိုက်မှု့

ဒီလုပ်ရပ်ကိုဘာမှပြောစရာမရှိပါ။ရဲကိုသတ်ချင်ရင်၊ထိခိုက်အောင်လုပ်ချင်ရင် ရဲစခန်းကိုသွားလုပ်တာက အထိရောက်ဆုံးပါပဲ။

အကြမ်းဖက်မှု့နံပါတ်(၃)- မြို့တော်ခန်းမရှေ့ဗုံးဖောက်ခွဲမှု့

ဒီကိစ္စကိုတော့ လုံးဝကန့်ကွက်ပါတယ်။ကားမှတ်တိုင်မှာဗုံးခွဲတယ်ဆိုတာ လုံးဝကိုမလုပ်သင့်တဲ့ကိစ္စပါ။သူတို့လုပ်ရပ်ဟာ နအဖစစ်တပ်နဲ့ ဘာမှမထူးခြားပါဘူး။ အမှိုက်ထဲကိုဗုံးထည့်ပြီး ပေါက်ရင်ပြီးရောဆိုပြီး ခွဲတာဟာလုံးဝကိုမဖြစ်သင့်တဲ့ကိစ္စပါ။သူတို့မှာသာတကယ်သတ္တိရှိရင် ကြပ်ပြေးကိုသွားပြီးဗုံးခွဲပါလား။[b]တွေ့ကရာလမ်းဘေးမှာဗုံးလိုက်ခွဲပြီးတော့ ကိုယ့်ကိုယ်ကိုယ်သူရဲကောင်းလို့အခေါ်ခံချင်နေကြတယ်ထင်ပါတယ်။ခင်ဗျားတို့ခွဲခဲ့တဲ့ဗုံးတွေဟာ ဘာများထိရောက်မှု့ရှိတယ်လို့ ခင်ဗျားတို့ထင်မိလို့လဲ။သန်းရွှေနေတဲ့ကြပ်ပြေးမှာကျတော့ ခင်ဗျားတို့ကကြောက်ပြီး သွားမခွဲရဲကြဘူး။အခုထိသွားကြတဲ့ လူ၇ယောက်က ကြံ့ဖွံ့တွေဆိုတာခင်ဗျားတို့ဘယ်လိုသက်သေပြနိုင်မလဲ။နောက်ပြီး အဲဒီလူတွေသေသွားလို့ကော သန်းရွှေကမှု့မယ်ထင်နေလို့လား။လုပ်မယ်ဆိုရင်လဲ ထိရောက်အောင်လုပ်ကြပါ။INTERNATIONAL ရဲ့ဂရုစိုက်မှု့ကိုလိုချင်ရင် ခင်ဗျားတို့အိမ်ခင်ဗျားတို့ ဗုံးခွဲကြပါလားဗျာ။[/b]
ကျနော်ကတော့ ခင်ဗျားတို့တွေရဲ့လုပ်ရပ်က နအဖနဲ့ဘာမှမခြားဘူးလို့ပြောချင်တယ်။လုပ်တာကိုအားပေးပါတယ်။ဒါပေမဲ့ လုပ်တဲ့နည်းမှန်ဖို့တော့လိုတယ်ဗျ။
နောက်ဆုံးကျနော်ပြောချင်တာက စွမ်းအားမြင့်ကျောင်းသားများအဖွဲ့ ဆိုသည့်အဖွဲ့သည် လမ်းမှားလိုက်နေပြီး လုပ်ရပ်မှားနေသော အဖွဲ့တစ်ခုဖြစ်သည် လို့ကျနော်မြင်မိတာပါပဲ။
ကျနော်အခုဒီပို့စ်ကိုရေးတာ ဘယ်သူ့ဘက်မှလိုက်ပြီးရေးတာမဟုတ်ပါဘူး။ကျနော်ကိုယ်တိုင်ကလည်း နအဖကိုအသေမုန်းနေတဲ့သူပါ။ ဒါပေမဲ့ဗျာ... အခုလိုလုပ်ရပ်တွေကိုတော့ ကျနော်မကြိုဆိုနိုင်ဘူး။လက်မခံနိုင်ဘူး။
ဒါကျနော့်ရဲ့ ပုဂ္ဂလခံစားချက်ပါ။ဘယ်သူ့ကိုမှစော်ကားလိုစိတ်မရှိပါဘူး။ အပြစ်မဲ့တဲ့ပြည်သူတွေကို မထိခိုက်စေချင်လို့သဘောရိုးနဲ့ဝေဖန်ခြင်းသာဖြစ်ပါတယ်။
p.s
နောက်ဆိုရင်ပြည်သူတွေက နအဖစစ်ခွေးတွေကိုကြောက်ရတာတစ်ဖက် ခင်ဗျားတို့ခွဲမဲ့ဗုံးကိုကြောက်နေရတာတစ်ဖက်နဲ့ ပိုတောင်ဒုက္ခရောက်လာနိုင်ပါသေးတယ်။

လေးစားပါတယ်။

2 comments:

အိမ်မက်ဆီသို့ ပျံသန်းခြင်း said...

hote tal,same to you.mone yin thu doh ko pal directly fight pop.a khu lo lote tar har *naapha* ka pyaw sa yar ya twar pi. *democracy* so dar a lo myo loh pyaw pe lat nyoe htoe sa yar ya twar hmar pop. :(

Unknown said...

ကောင်းပါတယ်
ဖြစ်သင့်ပါတယ်...
ဘယ်သူမှမမှန်သလို
မမှားကြပါဘူး