CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Tuesday, September 2, 2008

ကောလဟာလ

ဒီနေ့နေ့လည်က ကျနော့်ဆီကို သူငယ်ချင်းတစ်ယောက်ဆီကနေ forward sms ၀င်လာပါတယ်။အဲဒီ sms က ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီဆိုပြီး ရေးထားတာပါ။ကျနော်တောင်တော်တော် ကြောင်တောင်တောင်ဖြစ်သွားပါသေးတယ်။ မိုးလင်းတုန်းကတင် ဒီဗီဘီ ၀က်ဘ်ဆိုဒ်ကိုတက်ကြည့်တာ အန်တီစုနဲ့ သူ့ရှေ့နေတို့ နာရီဝက်ကြာတွေ့ဖြစ်ကြတယ် ဆိုပြီးတွေ့သေး။ဒါနဲ့ကျနော်လဲပိုသေချာအောင်ဆိုပြီး ကျနော့အသိတွေဆီ ဖုန်းဆက်မေးတာ ကောလဟာလပါဆိုပြီးဝိုင်းပြောကြပါတယ်။ ကျနော်ထင်တာကတော့ နအဖ ဘက်ကလူတွေက အန်တီစု အစာအငတ်ခံဆဒ္ဒပြနေတယ်ဆိုတဲ့ သတင်းကိုအခွင့်ကောင်းယူပြီးတော့ ဒီကမြန်မာတွေ စိတ်ဓါတ်ကျသွားအောင်လုပ်တာလို့ ထင်တာပဲ။ဘယ်လိုဖြစ်ဖြစ်လေ။ အန်တီစုကျန်းမာရေးအတွက်တော့ တကယ်ကိုစိတ်ပူမိပါတယ်။အန်တီစုသာတကယ် အစာငတ်ခံနေတယ်ဆိုတာသေချာရင် ကျနော်လည်းသံရုံးရှေ့သွားပြီး အစာငတ်ခံဆဒ္ဒပြဖို့တော့ကြံထားတယ်ဗျ။

အန်တီစုဆုံးပြီဆိုပြီးပြောတဲ့ sms ကဒီဟာပါ။

Friends,yesterday(1.9.08)I heard very sorrowful news.
That is our leader and our guiding star Daw Aung San Suu Kyi has died of starving at her strike.
Let's pray for her.Remember the route she lied and carry on the fight against SPDC together.
(I don't need to tell you to forward this message).

0 comments: