CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, April 5, 2009

ကျနော်ကြုံခဲ့ရသော ရွှေဝါရောင်တော်လှန်ရေး (အပိုင်း ၂)

ကျနော်ကြုံခဲ့ရတဲ့ ရွှေဝါရောင်တော်လှန်ရေးအကြောင်းဆက်ရမယ်ဆိုရင်တော့ ...
အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ပခုက္ကူမှာ လောင်စာဆီကျဆင်းရေးအတွက် ဆန္ဒပြတဲ့သံဃာတော်တွေကို ကြိုးနဲ့တုပ်ရိုက်နှက်တဲ့ကိစ္စကစတာပဲ။ အဲဒီတုန်းက ကျနော့်မှာ အိမ်ကဖုန်းလိုင်းလေးနဲ့ချိတ်ပြီးတော့သုံးတဲ့ Dial-Up internet access kit လေးတစ်ခုရှိတော့ အင်မတန်နှေးတဲ့ မြန်မာပြည်ကအင်တာနက်ကို ညဘက်မီးလာချိန်လေးတွေမှာ မှန်မှန်သုံးနေနိုင်တာပေါ့ဗျာ။ဒီဗီဘီ၊ဗီအိုအေစတဲ့ ပိတ်ထားတဲ့ဆိုဒ်တွေကိုလဲ atunnel,btunnel စတဲ့ bypass proxy ဆိုဒ်တွေကိုသုံးပြီးတော့ ၀င်ကြည့်နေတဲ့အချိန်ဆိုတော့ သတင်း update တွေက မှန်မှန်ရနေတာပေါ့လေ။ အဲဒီတုန်းက ကျနော်အမြဲဝင်ကြည့်ဖြစ်နေတဲ့ဆိုဒ်က ဒီဗီဘီ။ အဲမှာ ပခုက္ကူက သံဃာတော်တွေ အရိုက်ခံရပြီးတဲ့နောက်မှာ မြန်မာတစ်နိုင်ငံလုံးက သံဃာတော်တွေက စစ်တပ်ကသံဃာတွေကို မတောင်းပန်ဘူးဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သပိတ်မှောက်ရလိမ့်မယ်လို့ ကြေငြာချက်ထုတ်ပြန်တာ တွေ့ရပါတယ်။
သံဃာတော်တွေသတ်မှတ်ထားတဲ့ရက်ရောက်တဲ့အထိ အာဏာပိုင်တွေဘက်က ဘာမှအကြောင်းပြန်တာမရှိလို့
စက်တင်ဘာ ၁၈ရက်နေ့(မှားရင်ခွင့်လွှတ်ပါ)နေ့လည် ၁နာရီမှာ ရွှေတိဂုံဘုရားမှာ သံဃာတွေစုပြီး ဆဒ္ဒပြလမ်းလျှောက်ကြမယ်လို့ ဒီဗီဘီမှာပါလာပါတယ်။ရေဒီယိုသတင်းတွေကလဲ သံဃာတွေဆဒ္ဒပြကြတော့မယ်လို့ ပြောသံတွေကြားရပါတယ်။
အဲဒီအချိန်တုန်းက ကျနော်က ဘွဲ့ရပြီးလို့ သိမ်ဖြူလမ်းက Win Japanese မှာ ဂျပန်စာသင်တန်းတက်နေတဲ့အချိန်ပါ။သင်တန်းက နေ့လည် ၃နာရီကနေ၅နာရီအထိပါ။အိမ်ကနေသင်တန်းကို ကျနော့ကားလေးနဲ့ သွားသွားတက်ပါတယ်။
သံဃာတွေဆဒ္ဒပြတဲ့သတင်းကိုကြားတော့ ကျနော်ကျနော့အရင်းနှီးဆုံးသူငယ်ချင်း ၃ယောက်ကို သင်တန်းမသွားပဲ သံဃာတွေဆဒ္ဒပြတာ သွားကြည့်ကြဖို့ကို ညှိထားပါတယ်။ဒါကိုကျနော့အမေကသိတော့ သင်တန်းစချိန်၃နာရီထိုးမှ ကျနော့ကိုအိမ်ကထွက်ခိုင်းပါတယ်။ကျနော်သူငယ်ချင်းတွေခေါ်ပြီး ရွှေတိဂုံဘုရားဘက်ကို ကားမောင်းသွားတော့ ညနေ၄နာရီလောက်ရှိနေပါပြီ။ ဘုရားနားကိုရောက်တော့ ထူးထူးခြားခြားရှင်းလင်းနေတာတွေ့ရပါတယ်။ဒါနဲ့ ကားကိုဘုရားတစ်ပါတ်ပါတ်မောင်းကြည့်တော့ ရွှေတိဂုံဘုရားကြီးကို ပိတ်ထားပြီး သွေးဆေးကန်မုဒ်ဘုရားဝင်းအတွင်းမှာ စစ်ကားတွေအများကြီးရပ်ထားတာကိုပဲတွေ့ပါတယ်။

1 comments:

khaylay88 said...

ကောင်းတယ်.. သက်.... အပြီးအထိရေးနော်....