CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, January 3, 2010

Old School but Gold


Old School but Gold

Monday, June 15, 2009

ကျနော်ကြုံခဲ့ရသော ရွှေဝါရောင်တော်လှန်ရေး (အပိုင်း၃)

ကျနော်လဲ ကျနော့သူငယ်ချင်းတစ်ယောက်ကို ပြန်လိုက်ပို့ပြီးတော့ ကျန်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ရွှေဂုံတိုင်က အိတ်ဇဲလ် တာဝါမှာ မုန့်သွားစားပါတယ်။မုန့်စားပြီးလို့ ကားဆီအပြန်မှာ ဘုန်းတော်ကြီးတစ်ပါးက ဖိနပ်ပြတ်သွားလို့ဆိုပြီးအလှူလာခံပါတယ်။အကျိုးအကြောင်းမေးကြည့်တော့ ဒီနေ့သံင်္ဃာတော်တွေ ဆဒ္ဒပြမယ်ကြားလို့ ရွှေပြည်သာကနေလာတာဖြစ်ကြောင်း။ရွှေတိဂုံဘုရားနားရောက်တော့ သံင်္ဃာတော်တွေ ထွက်သွားပြီးဖြစ်တာကြောင့် ပြန်မလို့လုပ်စဉ် ဖိနပ်ပြတ်သွားတာဖြစ်ကြောင်းမိန့်ပါတယ်။ ဒါနဲ့ ကျနော်တို့လဲ အဲဒီဘုန်းဘုန်းကို ဖိနပ်တစ်ရံလှူခဲ့လိုက်ပါတယ်။


ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီအချိန်တုန်းက ကျနော့်စိတ်ထဲမှာ သံင်္ဃာတော်တွေ နိုင်ငံရေးလုပ်တာကို သိပ်ပြီးအားမပေးချင်တာတော့ အမှန်ပဲ။ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတစ်ခုထဲမှာ သံင်္ဃာတော်တွေကို နိုင်ငံရေးမလုပ်စေချင်ဘူးဆိုတာ ဖတ်လိုက်ရတော့ အဲဒီစိတ်က စွဲနေတာဗျ။အဲဒီတုန်းက သံင်္ဃာတော်တွေ လမ်းလျှောက်ဆဒ္ဒပြတယ်ဆိုတာကြားတော့ ကျနော့စိတ်ထဲမှာ ဘုန်းကြီးတွေတော့ စတန့်ထွင်ပြန်ပြီလို့ အတွေးတစ်ခုတစ်ကယ်ဝင်ခဲ့ပါတယ်။အခုတော့အဲဒီစိတ်ပြောင်းသွားပါပြီ။သံင်္ဃာတော်လည်းပြည်သူထဲကပြည်သူပဲလေ။ သူလဲမကျေနပ်ရင် ပြောပိုင်ခွင့်၊လုပ်ပိုင်ခွင့်ရှိတယ်။

ခုနကစကားကိုဆက်ရရင် အဲဒီလိုသံင်္ဃာတော်တွေလမ်းလျှောက်ဆဒ္ဒပြပြီးလို့ ၂ရက်၊၃ရက်ကြာတဲ့အထိ ကျနော်သံင်္ဃာတော်တွေကို မတွေ့ဖြစ်သေးဘူး။ စိတ်ထဲမှာတော့ အချိန်တန်ရင် ပြီးသွားမှာပဲဆိုပြီး တွေးနေမိပါတယ်။နအဖဘက်ကလဲ ဘာမှ လိုက်လျောမှု့မှ မရှိဆိုတော့ ဒီကိစ္စတွေကို ကောက်ရိုးမီးလို့ပဲ တွေးထားမိပါတယ်။

တစ်ရက်တော့ ကျနော့အမေက ကျနော့ကို မြေနီကုန်းဘက်ကိုလိုက်ပို့ခိုင်းလို့ ကျနော့ကားလေးနဲ့ ရွှေဂုံတိုင်ဘက်ကနေမောင်းလာပါတယ်။ မိုးရွာပြီးကာစ မိုးဖွဲဖွဲလေးတွေ ကျနေတဲ့အချိန် ပေါ့လေ။ အက်စ်အက်စ်စီရှေ့လဲရောက်ရော ကားတွေပိတ်နေတာတွေ့ပါတယ်။ ကားတွေထဲက လူတွေအကုန်လုံးက ခေါင်းလေးတွေ ပြူတစ်ပြူတစ်နဲ့ ခြောက်ထပ်ကြီးဘုရားဘက်ကလမ်းမကြီးကို မျှော်ကြည့်နေတာတွေ့တော့ ကျနော်လဲစိတ်ဝင်စားပြီး လိုက်ကြည့်လိုက်မိတဲ့အခါမှာ ရွှေဂုံတိုင်ကုန်းပေါ်ကို သာသနာ့အလံတစ်လက် တလွင့်လွင့်တက်လာတာတွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သံင်္ဃာတော်တွေရဲ့ မေတ္တာပို့သံတွေက ကပ်လျှက်လိုက်ပါလာပါတယ်။ တဖြည်းဖြည်းနီးလာလို့ သေချာကြည့်လိုက်တော့ သံင်္ဃာတော်တွေအကုန်လုံး သင်္ကန်းမှာ ရေတွေရွှဲလို့။သူတို့ရဲ့ ခြေလှမ်းတွေက မနှေးမမြန် ပုံမှန်လှမ်းလို့။သင်္ကန်းကို သပ်ရပ်စွာလက်ကန်တော့ထိုးလို့။ သူတို့ရဲ့ပါးစပ်တွေက မေတ္တာသုတ်ကို သေချာရွတ်လို့။ ကျနော့်စိတ်ထဲမှာ ကြည်နူးခြင်းတစ်ဝက် ၊ ၀မ်းနည်းခြင်းတစ်ဝက်နဲ့ဗျာ။ ကားထဲကနေ လက်အုပ်ချီရှိခိုးပြီး စိတ်ထဲကနေ ကျိတ်ပြီးပြောလိုက်တယ် ။တပည့်တော်လဲ အရှင်ဘုရားတို့နဲ့ တစ်စိတ်ထဲ တစ်ဝမ်းထဲပါပဲ ဘုရားလို့ဆိုပြီးတော့။

အဲဒီအချိန်ထိကျနော့်စိတ်ထဲမှာ သံင်္ဃာတွေကိစ္စ ပြည်သူတွေဝင်ပါရင် ပြဿနာရှုပ်ကုန်မယ်ဆိုပြီးတော့ တွေးနေသေးတာဗျ။ ဒါပေမဲ့ တစ်ရက်တော့ မိုးထဲရေထဲမှာ ကျောင်းသားလူငယ်လေးတွေက သံင်္ဃာတော်တွေ ရဲ့ဘေးကနေ လက်ချင်းချိတ်ပြီး လိုက်စောင့်ရှောက်နေကြတဲ့ပုံတွေ၊သတင်းတွေကို တွေ့လိုက်၊ကြားလိုက်ရတော့ ကျနော့စိတ်ထဲမှာ ဘယ်လိုမှ အိမ်ထဲမှာနေချင်စိတ်မရှိတော့ဘူးဗျာ။ငါနဲ့ရွယ်တူ၊ငါ့ထက်ငယ်တဲ့သူတွေတောင်မှ တိုင်းပြည်အတွက် လုပ်နိုင်တဲ့ဘက်က လုပ်နေတဲ့အချိန်မှာ ငါကအိမ်ထဲမှာထိုင်ပြီး အင်တာနက်သုံးနေတာ တော်တော်မတရားရာကျတယ်လို့ ကိုယ့်ကိုယ်ကိုယ် ရှက်လာတယ်ဗျာ။

ဒါကြောင့်သံင်္ဃာတော်တွေစတင်ဆဒ္ဒပြပြီး ၆ရက်အကြာမှာ ကျနော်လဲသံင်္ဃာတော်တွေနဲ့တူတူ သွားပြီးတော့ ပူပေါင်းမယ်ဆိုပြီးဘက်စ်ကားနဲ့ ဆူးလေကိုထွက်လာခဲ့ပါတယ်။ ကျနော်ထွက်လာတာနောက်ကျတော့ ယုဇနပလာဇာနားမှာ ဆူးလေကခွဲထွက်လာတဲ့ သံင်္ဃာတော်တွေကို တွေ့တော့ သူတို့နဲ့သွားပြီးပူးပေါင်းမိသွားပါတယ်(အဲဒီတုန်းက သီလရှင်ဆရာလေးတွေ ပထမဆုံးလိုက်ပြီး မေတ္တာပို့လမ်းလျှောက်တဲ့နေ့ပါ။ဆရာလေးအပါး ၅၀လောက်ပါပါတယ်)။ အဲဒီတုန်းက သံင်္ဃာတော်တွေက ရွှေတိဂုံဘုရားမှာစုပါတယ်။ပြီးရင် ဆူးလေကိုသွားပြီး ဆူးလေကနေမှ သင်္ကန်းကျွန်းစံပြဆေးရုံနောက်ကဘုရား(ဘုရားဘွဲ့တော်ကိုမေ့သွားလို့ပါ)နဲ့ ဗိုလ်တစ်ထောင်ဘုရားများဘက်ကို အုပ်စုခွဲပြီးကြွပါတယ်။ ကျနော်လိုက်သွားတဲ့အုပ်စုက သင်္ကန်းကျွန်းသွားတဲ့အုပ်စုပါ။

ယုဇနပလာဇာကနေပြီးတော့တာမွေဈေး၊အခွန်လွတ်ဈေး၊သုဝဏကုန်းတံတားကိုဖြတ်ပြီးတော့ သင်္ကန်းကျွန်းလေးထောင့်ကန်လမ်းအတိုင်း သံင်္ဃာတော်များကိုကာကွယ် လက်ချင်းတွဲပြီး လမ်းလျှောက်လာခဲ့ကြပါတယ်။ဘုရားထဲအ၀င်ကျတော့ လူတွေကအပြင်မှာစုနေပြီး ဘုန်းတော်ကြီးများနဲ့သီလရှင်ဆရာလေးများအား အရင်ပေးဝင်ပါတယ်။နောက်မှလူတွေလိုက်ဝင်ကြပါတယ်။
အဲဒီမှုာကျနော့်ဘေးကိုလူတစ်ယောက်ရောက်လာလို့လှည့်ကြည့်လိုက်တော့ အခုမတရားအသင်းဖွဲ့စည်းမှူ့နဲ့ ထောင်ကျနေတဲ့ Generation Wave က ကိုအာကာဗို ဖြစ်နေတယ်။ ကိုအာကာဗိုက ကျနော့်အမရဲ့သူငယ်ချင်း။ ဒဂုံတစ်ကျောင်းသားဟောင်း။ငယ်ငယ်တုန်းကတည်းကစာကိုပဲ အာရုံစိုက်ပြီး ပျော့တိပျော့ဖတ်နဲ့မို့လို့ သူ့ကိုလူတွေက အခြောက်လေးလို့အစခံရတဲ့သူ။သူကကျနော့ကိုတွေ့တော့ ၀မ်းသာအားရနဲ့ လူငယ်အင်အားတွေလိုနေတယ်လို့ဆိုပါတယ်။

အဲဒီအချိန်မှာ ကျနော်မထင်ထားတဲ့သူတစ်ယောက် ကျနော့ရှေ့ကိုထပ်ရောက်လာပါတယ်။ကျနော့မွေးသမိခင်ကျေးဇူးရှင်ပေါ့ဗျာ။ကျနော်ဆဒ္ဒပြတဲ့အထဲလိုက်သွားတာကို မြင်တဲ့သူတွေက မားသားကြီးကို လှမ်းပြီးပြောလိုက်တာ မားသားကြီးအူယားဖားယားနဲ့ တာမွေကနေသင်္ကန်းကျွန်းကို ဆိုက်ကားနဲ့လိုက်လာခဲ့တာလမ်းမှာ ဆိုက်ကားမှောက်လို့ ဒူးပါပြဲသွားခဲ့ရသေးတယ်။ကျနော်နဲ့ကိုအာကာဗိုတို့ စကားပြောနေတုန်း မားသားကြီးရောက်လာပြီးတော့ ကျနော်တို့ ၂ယောက်ကို ခေါင်းခေါက်ပြီး ကျပ်ကျပ်သတိထားလို့ပြောပါတယ်။တကယ်တမ်းတော့ ကျနော့်အမေက အမျိုးသားရေးစိတ်ဓာတ်အပြည့်ရှိပါတယ်။သူ့သားကျနော်မျောက်လောင်း တစ်ခုခုဖြစ်သွားမှုာစိုးလို့သာ စိုးရိမ်စိတ်နဲ့လိုက်လာခြင်းဖြစ်ပါတယ်။

အဲဒီနေ့ကမှတ်မှတ်ရရ ဘုရားထဲမှာ ဗိုလ်ရွေးပွဲလုပ်ပြီး သစ္စာဆိုပွဲလုပ်ပါတယ်။အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသား၆ယောက်လောက်(သေချာတော့ မမှတ်မိတော့ဘူး) ကို သံင်္ဃာတော်တွေက ဗိုလ်အဖြစ်တင်ပြီး အရွေးခံရတဲ့သူတွေက တော်လှန်ရေးအောင်မြင်အောင်လုပ်ပါ့မယ်ဆိုပြီး သစ္စာဆိုကြပါတယ်။
အဲဒီနေ့ကပွဲပြီးတော့ ၆နာရီထိုးနေပြီ။ကျနော်ရဲ့ ပထမဆုံးအကြိမ် ဆဒ္ဒပြတဲ့ အတွေ့အကြုံပါ။

Paul McCartney ရဲ့ Freeedom သီချင်း

သီချင်းနားထောင်ရန်

FREEDOM by Paul McCartney.

Saturday, May 16, 2009

ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဗျာ


မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့




Sunday, 17 May 2009 06:52

သည်းစွာသောအနာကို ကုစားပါအံ့

သမီး၏လုံ့လ၀ီရီယဖြင့် နာလန်ထူပါစေအံ့....

မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအားပေးပါလေ...

တွေ့ရအံ့သော ဘေးရန်တို့ကို
သမီးထီမည်မဟုတ်...

တဘဝတွင် တခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့်သေရသည်ဖြစ်စေ
သမီး၌မထူးခြား...

သမီး၏ စိတ်ကူးတို့သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်...

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွှံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု...

မိခင်ထံမှ ဒါမှငါ့သမီး ဟူသော
ကျုးရင့်သံကိုသာ တောင့်တပါ၏...

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။

(အောင်ဆန်းစုကြည်)

မျိုးချစ်မြန်မာဆိုဒ်မှ ကူးယူဖေါ်ပြသည်။

Sunday, April 12, 2009

သင်္ကြန်

သင်္ကြန်

ဒီလိုတမုန်းကို ပျော်ခဲ့ကြတာ